CCTV(Security Camera)တပ်ဆင်ခြင်းများကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါသည်

Wednesday, December 21, 2016

သင် CCTV ကင်မရာ တပ်ဆင်ဖို့ စဉ်းစားနေပြီဆိုလျှင်

         မိမိ၏ နေအိမ်၊ ဆိုင်ခန်း ၊ ရုံးခန်း ၊ အလုပ်ရုံ များတွင် CCTV ကင်မရာ တပ်ဆင်၍ လုံခြုံရေးစောင့်ကြည့်တော့မည်ဆိုလျှင်  >>>>>

(1) မိမိတပ်ဆင်လိုတဲ့ ကင်မရာအမျိုးအစားကိုရွှေးချယ်ပါ    

    (i) Infrared (IR) security cameras.
    (ii)Dome cameras
    (iii) Pro box cameras
    (iv)Pan tilt zoom cameras
    (v) Hidden cameras.

(2) ကင်မရာအမျိုးအစား တစ်ခုချင်းစီ၏ အားနည်းချက် အားသာချက်ချက်များကိုလေ့လာပါ။


    (i) infrared (IR) security camera


       နေ့ခင်းအတွက်သာ အသုံးပြုမည်ဆိုလျှင် အကောင်းဆုံးလို့ ယူဆနိုင်ပါတယ်။ Day Mode / Night Mode အလိုအလျှောက်ပြောင်းပေးနိုင်ပါတယ်။ သဘောကတော့အလင်းရောင်ရှိနေစဉ်မှာ Day Mode သို့ရောက်နေပြီး ကာလာစုံနဲ့ မြင်နေရမှာပါ၊ အလင်းရောင်ပျောက်ချိန်မှာဖြင့် Night Mode သို့ရောက်ရှိ သွားကာ ပုံရိပ်များကိုအဖြူ / အမဲ သို့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ IR ကင်မရာများသည် Indoor ဖြစ်စေ Outdoor ဖြစ်စေ အလင်းရောင်ကောင်းမွန်စွာမရရှိနိုင်လျှင်ပင် ပုံရိပ်ကိုမြင်နိုင်မည်ဖြစ်ပါသည်။ IR ကင်မရာများသည် မိုးလေဝသဒဏ်ခံနိုင်ရည်ရှိသောကြောင့် ပူသောနေရာဖြစ်စေ၊ အေးသောနေရာဖြစ်စေ တပ်ဆင်အသုံးပြုနိုင်ပါသည်။ Indoor IR ကင်မရာများ၏အားသာချက်မှာ အလင်းရောင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြည်လင် ပြတ်သားသောပုံရိပ်များကို ဖမ်းယူပေးနိုင်ပါတယ်။
 
   (ii)Dome Camera

       Infrared Dome, Indoor Dome, Outdoor Dome, Vandal Proof Dome နှင့် Pan tilt zoom cameras အစရှိသည်ဖြင့် Dome Camera အမျိုးအစား များစွာရှိပါတယ်။ လူကြိုက်အများဆုံး ကင်မရာအမျိုးအစားဖြစ်ပြီး စတိုးဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင် နဲ့ နေအိမ်  တွေမှာအသုံးများပါတယ်။ အသုံးများရခြင်းအကြောင်းကတော့ Dome Camera တွေရဲ့ ကင်မရာလားရာဘက်ဟာ သာမာန်လူများ အတွက် ခန့်မှန်းရခက်ပြီး ၊ ရုပ်ထွက်အပိုင်းနဲ့ ပတ်သတ်ရင်လည်း IR Camera တွေထက် ပိုမိုကြည်လင် ပြ တ်သား တာကြောင့်လည်းဖြစ်ပါတယ်။

  (iii) Pro Box Camera


     ကြည်လင်ပြတ်သားသော ပုံရိပ်များ လိုအပ်သူအတွက် အသုံးသင့်ဆုံး ကင်မရာအမျိုးအစားပါ။ ဘဏ် ၊ Supermarket ၊ Convenience Store များတွင် အသုံးများပါတယ်။ မှန်ဘီလူး အနေအထားကို မိမိစိတ်ကြိုက် ချိန်ညှိုနိုင်ပြီး ၊ နေ့ ရော ည ပါ သုံးရ အဆင်ပြေပါတယ်။ Day Mode / Night Mode အလို  အလျှောက် ပြောင်းပေးနိုင်ပြီး ကာလာ ၊ အဖြု / အမဲ အလိုအလျှောက် ပြောင်းပေးနိုင်ပါတယ်။

  (iv) Pan Tilt Zoom Camera

 
      ဒီ ကင်မရာအမျိုးအစားများကိုတော့ DVR ကနေတစ်ဆင့် ထိန်းချုပ်နိုင်ရုံသာမက Remote ( အဝေးထိန်း) စနစ် ဆော့ဝဲတွေ ၊ နောက်ဆုံး ဂိမ်းကစားတဲ့ Joy Stick တွေနဲ့ပါ ထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်။ အဓိက အားသာချက်ကတော့ Zoom Camera ဆိုတဲ့အတိုင်း ချဲ့ ကြည့်လို့ အကောင်းဆုံး ကင်မရာအမျိုးအစားတစ်ခု ပါ။ ဥပမာ - ခပ်ဝေးဝေးမှာ မြင်ရတဲ့ ကားလိုင်စင်နံပါတ်ပြားတွေကို ကြည့်ဖို့၊ လေဆိပ် ၊ ကာစီနို တို့လို ကျယ် ဝန်းသောနေရာတွေမှာ အသုံးများပါတယ်။ Pan Zoom  တွေကိုတော့ ဖြင့်ဈေးကြီးလွန်းတာ  ကြောင့် မလိုအပ်လျှင် အသုံးမပြုကြပါဘူး။

  (v) Hidden Camera

     Hidden Camera လို့ ဆိုလိုက်တာနဲ့ သေချာပြီး တစ်ခြားလူတွေ မသိအောင်၊ မမြင်အောင် လုပ်ရတော့မယ်ဆိုတာ သေချာနေပါပြီ။ Hidden Camera တွေကို အသုံးပြုတော့မယ်ဆိုလျှင်ဖြင့် သတိထားရမှာတွေကတော့ သာမာန် ကင်မရာတွေလို ရာသီဥတုဒဏ် ခံနိုင်ရည်မရှိပါဘူး။ ကြိုးနှင့်ချိတ်ဆက်၍ ဖြစ်စေ ကြိုးမဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ဆေးခန်းများ၊  ဟိုတယ်၏ အချို့နေရာများ နှင့် နေအိမ်တို့တွင် များသောအားဖြင့်တပ်ဆင်အသုံးပြုကြပါတယ်။

(3) ကြိုးစနစ် / ကြိုးမဲ့စနစ် ရွေးချယ်ပါ 

 

   ကြိုးစနစ်သုံးကင်မရာတွေဟာ ကြိုးမဲ့စနစ်သုံးကင်မရာတွေထက် ရုပ်ထွက်အရည်အသွေးပိုမို ကောင်းမွန် ပါတယ်။DVR နှင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုခြင်းဖြစ်သောကြောင့်  ကြိုးစနစ်မှာဆိုလျှင် ပုံမှန်သုံးနေကျ RG-58 ဟာ အလွန်ဆုံး ပေ ၈၀၀ ( ၂၄၀ မီတာ) အကွားအဝေးထိသာ အသုံးပြုနိုင်ပါတယ်။ ပေး ၈၀၀ ထက်ပိုသော အကွာအဝေးတွက်ကို CAT-5/6 ကေဘယ်တွေကို အသုံးပြုရမှာပါ။ မိမိကရုပ်ထွက်ေ ကာင်းကာင်းသာ လိုချင်တယ်ဆိုလျှင်တော့ ကြိုးစနစ်သုံး ကင်မရာတွေဟာ အကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ်တက်မည့်နေရာဟာ အဟန့်အတားတွေရှိမယ်၊ ကေဘယ်ပြေးဖို့အတွက်အတားအဆီးတွေလည်း ရှိနေမယ် ဆိုလျှင်တော့ ကြိုးမဲ့စနစ်ကို ရွေးချယ်ရမှာပါ။ ဘာကွာသွားလဲ . ကြိုးတွေပျောက်သွားမယ် DVR ရဲ့ နောက်မှာ Transmitter တစ်ခုပိုလာမယ်။ ရုပ်ထွက် အရည်အသွေး အနည်းငယ်ကျဆင်းသွားမယ် ၊ ဈေးနှုန်း မိမိအသုံးပြုမည့် အရည်အသွေးပေါ်မူတည်သွားပါမည်။